ပင်မအဖွင့်

ဤ Website ၂၀၂၄ ခုနှစ်တစ်နှစ်ပတ်လုံးအတွက် Hosting အလှူရှင်မှာ စင်္ကာပူနိုင်ငံမှ ဒေါ် မြင့်မြင့်အောင် ဖြစ်ပါသည်။

ဤ Website သည် သာသနာရေးမှ ကျင်းပသော စာမေးပွဲများ၊ အဘိဓမ္မာပြန့်ပွားရေးအသင်းကြီးမှ ကျင်းပသော စာမေးပွဲများအတွက် အထောက်အကူရစေရန် ရည်ရွယ်ချက်ဖြင့် ဖန်တီးထားခြင်း ဖြစ်ပါသည်။ တရားတော်များ ပြန့်ပွားစေရန် ရည်ရွယ်ချက်ဖြင့် စာအုပ်များ၊ အသံဖိုင်များ၊ ဗီဒီယိုများကို တင်ပေးသွားမည် ဖြစ်သော်လည်း မူပိုင်ခွင့်ကို အလေးထားသည့်အတွက် မူလဖန်တီးသည့် ပိုင်ရှင်များက ခွင့်ပြုသည်များကိုသာ တင်ပေးသွားမည် ဖြစ်ပါသည်။ မူလပိုင်ရှင်များက ၎င်းတို့၏ Youtube တွင် တင်ပြီးဖြစ်သည့် အကြောင်းအရာများကိုမူ ဤ Website တွင် Link ကိုသာ ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ စာအုပ်များ အသံဖိုင်များကို Download ပြုရာတွင် အဆင်မပြေသည်များ (သို့မဟုတ်) ခေါင်းစဉ်တွင် ဖော်ပြထားသည့် အကြောင်းအရာနှင့် တင်ထားသည့် အကြောင်းအရာ မတူသည်များရှိက Email နှင့်သော်လည်းကောင်း ဤ Facebook Page သို့ ဆက်သွယ်၍သော်လည်းကောင်း အကြောင်းကြားနိုင်ပါသည်။

အခြား ဓမ္မမိတ်ဆွေများ Youtube နှင့် Facebook တွင် တင်ထားပြီးဖြစ်သည့် အချက်အလက်များကို ဤ Website တွင် သီးခြားတင်သွားမည် မဟုတ်ဘဲ ယင်းနေရာသို့ ဝင်ရောက်ရန် Link ကိုသာ ညွှန်းပြပေးပါမည်။ ဤ Website တွင် သီးခြားတင်ခြင်းမပြုဘဲ ယင်းသို့ Link ကိုသာ ဖော်ပြသည့် အကြောင်းအရာများအတွက်မူ မူလပိုင်ရှင်ထံ ခွင့်ပြုချက် တောင်းခံမည် မဟုတ်ပါ။ Website Header ပုံကို Bing AI ဖြင့် ဖန်တီးထားပါသည်။